Friday, February 26, 2021

ခြုံလွှာလောင်းရိပ်အောက်မှာ

အမြင်ဆိုတာ

ထင်သလောက်တော့

မကြည်လင်တတ်ပါဘူးခင်


အကြားဆိုတာ

နားကောင်းပေမယ့်

မှားတတ်ပါသေးတယ်ခင်


အသိဆိုတာ

ရှိသမျှပညာဉာဏ်

ကာရံထားသတဲ့ခင်


အတွေးဆိုတာ

ပြေးလွှားနေပေမယ့်

အဝေးမရောက်ပါဘူးခင်


အဲဒီပုတုဇဉ်လူသားရဲ့

အကြား အမြင် အသိနဲ့

တွေးခဲ့သမျှအခြေခံ

ဝေဖန်မှုအဆုံးဖြတ်ဟာ

ကန့်သတ်ဘောင်အပြင်ဘက်

ဖေါက်ထွက်ဖို့မရှိ

မသိခြင်းအဝိဇ္ဇာ

ခြုံလွှာအောက်ခိုရင်း

ငြင်းခုန်ကာအလုပ်ရှုတ်

မိုးချုပ်မယ့်တစ်ဘက်ကမ်းမှာ

လမ်းအခြေမသင့်သလို

ပန်းတွေမပွင့်နိုင်ဘူးတဲ့ခင်



No comments:

Post a Comment